15th Wisya Academic Award Study of Dharma Puja Songs By Dr. Yin Mar Aye x 1's (1 PCS)
10% Off ( Original Price ~ 15,000Ks )
ကျွန်မ ရဲ့ ဒီစာအုပ်ကလေးက ပါရဂူကျမ်း ကို ပြန်လည် ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီ ခေါင်းစဉ်လေးက ဆရာကြီး မောင်ခင်မင် ဓနုဖြူ က သင့်တော်တယ်လို့ ရွေးချယ်ပေးခဲ့ပါတယ်။ ဆရာကြီးက ကျမ်းခေါင်းစဉ် တင်သွင်းချိန်မှာ ဘာလို့ ဒီခေါင်းစဉ်လုပ်ပါသလဲ မေးခဲ့တယ်။ ကျွန်မ ပြန်ဖြေဖြစ်တာက ခရစ်ယာန်ဓမ္မတေးတွေက ခုထိ ဂီတနယ်ပယ်မှာ စိမ့်ဝင်အောင်မြင်နေပြီး ဗုဒ္ဓဘာသာ ဓမ္မပူဇာတေးသီချင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြတယ်။ ဒါကြောင့် ကိုလိုနီခေတ် တစ်ခုလုံးမှာ စိတ်အင်အား ပေးစွမ်းတဲ့ ဒီ ဓမ္မပူဇာတေးတွေကို ပါရဂူကျမ်းလုပ်ဖို့ ရွေးခဲ့တယ်ဆိုပြီး ဖြေဖြစ်ခဲ့တယ်။ ဒါနဲ့ ဒီခေါင်းစဉ်ကို ဆရာကြီးနှင့်တကွ မြန်မာစာပညာရှင်ကြီးများဖြစ်တဲ့ ဆရာကြီးဆရာမကြီးများက ခွင့်ပြုခဲ့ပါတယ်။ ပါရဂူကျမ်း ခရီးတစ်လျှောက်မှာ ကျမ်းကြီးကြပ် အဖြစ် ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) က အနီးကပ်ကြီးကြပ်လမ်းညွှန်ပေးခဲ့တယ်။ ကိုလိုနီခေတ် လို့ ပြောပေမယ့် ကုန်းဘောင်ခေတ်ရဲ့ တစ်ပုဒ်တည်းသော ဘုရားဂုဏ်တော်ဖွဲ့ သီချင်း ထူးမခြားနားကိုပါ ထည့်သွင်း လေ့လာစေခဲ့ပါတယ်။ အငြင်းအခုန်တွေ များသလို ဖြစ်သလို ဟာသသဘော ပြောနေကြတဲ့ ထူး မ ခြား နား သီချင်းခံ ကို အသေးစိတ် စိစစ် လေ့လာထားပါတယ်။ ဒါက စာအုပ်ရဲ့ ထူးခြားချက်ပါ။ ကျမ်းဂန်တွေနဲ့ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေကို အကိုးအထောက်စုံစွာနဲ့ တင်ပြထားပါတယ်။ သီချင်း ရဲ့ သဘောတရား တွေ အပြင် ဓမ္မပူဇာတေးသီချင်းတွေကို အခန်းကဏ္ဍအလိုက် ခွဲခြမ်းစိစစ်ထားပါတယ်။ နောက်ထပ် ထူးခြားချက်က အောင်ခြင်းရှစ်ပါးသီချင်း အကြောင်းပါ အောင်ခြင်းရှစ်ပါးလို့ ဆိုလိုက်တာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အောင်မြင်ခဲ့သော အကြောင်းဖြစ်လို့ သုတ္တန်မှာ ပါရှိတယ် ထင်ကြပါတယ်။ တကယ်တော့ ဗားမဲ့ဆရာတော်ကြီးရဲ့ဂါထာတော်ကို သီချင်းရေးဖွဲ့ထားကြောင်းကို လေ့လာထားပါတယ်။ လူတွေဟာ ဂါထာတော်တွေကို နေ့စဉ် ရွတ်ဖတ်ကြပေမယ့် အနက်သဘောသိတာရှားပါးကြပါတယ်။ ဒါကြောင့်သေချာ လေ့လာတင်ပြထားပါတယ်။ တရားတော်တွေကို နာယူကြချိန်မှာ သုတ္တန်၊အဘိဓမ္မာ၊ဂါထာတွေ ကွဲပြားကြောင်း တင်ပြထားပါတယ်။ စာအုပ်မှာ ထူးခြားချက်အနေနဲ့ သီချင်းတွေ အပြင် သီချင်းနဲ့ဆက်စပ်တဲ့နောက်ခံအကြောင်းအရာတွေကိုပါ စိစစ်လေ့လာသုတေသနပြုထားတာမို့ တေးသီချင်းရဲ့ အနှစ်သာရအပြင် ဗုဒ္ဓဘာသာတို့ရဲ့ အခြေခံ ဓမ္မသဘောတရားတွေရဲ့ အဆီအနှစ်ပါ ရရှိလိမ့်မယ်လို့ ယုံကြည်ပြီး ထုတ်ဝေထားခြင်းဖြစ်ပါတယ်။
ဒေါက်တာယဉ်မာအေး
ကထိက
မြန်မာစာဌာန