Gaviscon Liquid Sachets 10ML x 24's (1 PKT)

၇၇,၂၅၀.၀၀ MMK
သိုလှောင်ကုန်
SKU
Gaviscon Liquid Sachets 10ML x 24's (1 PKT)

Gaviscon အစာအိမ်ဆေးရည် ၁၀မီလီ x ၂၄ ထုပ်ပါ (၁ ဗူး)

"ဆေးအမျိုးအစား - အစာခြေအက်ဆစ်ပြန်စီးခြင်းနှင့် အစာမကြေခြင်းကြောင့် အစာအိမ်နာခြင်းနှင့် မအီမသာဖြစ်ခြင်းတို့မှ သက်သာစေသည်။
အရွယ်အစား - ၁၀ မီလီလီတာဆေးရည်အိတ်
အရေအတွက် - ဆေးတစ်ဗူးတွင်အလူမီနီယမ်အလွှာအုပ်ထားသော ၁၀မီလီလီတာဆေးရည်အိတ် (၂၄) အိတ်ပါဝင်သည်။
အလေးချိန် - ၁၀မီလီလီတာဆေးရည်အိတ် (၂၄) အိတ်
အသုံးပြုရန်လမ်းညွှန် - သက်ကြီးရွယ်အိုများ၊ လူကြီးများနှင့် အသက်၁၂နှစ်အထက်ကလေးများ
ဆေးရည်အိတ် (၁) အိတ်မှ (၂) အိတ်ကို အစာစားပြီးနောက်နှင့် အိပ်ယာဝင်ချိန်တွင်တစ်နေ့လျှင် ၄ ကြိမ်အထိသောက်သုံးနိုင်ပါသည်။ "

"သမားတော်ညွှန်ကြားချက်အတိုင်းသာသောက်သုံးသင့်ပါသည်။

ဆေးထားသိုရန်လမ်းညွှန် - 30 °C အထက်တွင် မထားရ။
သတိပြုရန်/သတိပေးချက်- ဤဆေးသည် ဆိုဒီယမ်ပမာဏမြင့်မားစွာပါဝင်ပါသည်။ အထူးသဖြင့် ဆိုဒီယမ်ပါဝင်မှုနည်းသောအစားအစာစားသုံးနေရသောသူများတွင်သတိနှင့်သုံးစွဲသင့်သည်။
ဥပမာ- နှလုံးလုပ်ငန်းဆောင်တာချို့ယွင်းနေသူများနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာချို့ယွင်းနေသူများ၊ ၂၀မီလီလီတာဆေးရည်တိုင်းတွင် ကယ်လ်စီယမ်ပမာဏ ၂၆၀မီလီဂရမ် (6.5 mmol) ပါဝင်သည်။ သွေးတွင်းကယ်လ်စီယမ်မမာဏများသော၊ ကျောက်ကပ်အတွင်းကယ်လ်စီယမ်များစုဝေးနေသော၊မကြာမဏတစ်ကျော့ပြန်ဖြစ်သည့် ကျောက်ကပ်အတွင်းကယ်လ်စီယမ်ဆီးကျောက်ငယ်များ စုဝေးတည်နေသော လူနာများတွင် ဤဆေးကို သတိနှင့် သုံးစွဲသင့်ပါသည်။ အကယ်၍ (၇) ရက်ပြီးနောက် ယင်းလက္ခဏာများမသက်သာပါက လူနာ၏ကျန်းမာရေးအခြေအနေကို ပြန်လည်စစ်ဆေးသင့်ပါသည်။ ရေရှည်သုံးစွဲခြင်းကို ရှောင်သင့်ပါသည်။
ဆေးဓာတ်မတည့်ခြင်း/ဓာတ်မတည့်တုန့်ပြန်ခြင်း။
ဆေးဓာတ်မတည့်ခြင်း၊ အသက်ရှုလေပြွန်ရုတ်တရက်ကျပ်ခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ
ဆေးမသုံးသင့်သည့်အခြေအနေများ - ဆိုဒီယမ် အယ်လ်ဂျီနိတ်၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်၊ ကယ်လ်စီယမ် ကာဗွန်နိတ် (သို့) ဆေးတွင်ပါဝင်သောပစ္စည်းတစ်ခုခုကို ဆေးဓာတ်မတည့်ခြင်းရှိပါက အသုံးမပြုသင့်ပါ။
တင်သွင်းသူ/ ဖြန့်ဖြူးသူ - DKSH (Myanmar) Ltd."