Strepsils Lozenge #Irritation & Cough x 24's (2 PKT)

၃၁,၃၅၀.၀၀ MMK
သိုလှောင်ကုန်
SKU
Strepsils Lozenge #Irritation & Cough x 24's (2 PKT)

Strepsils Irritation & Cough ငုံဆေးပြား ၂၄ လုံးပါ (၂ ဗူး)

"Strepsils လည်ချောင်းနာ၊ လည်ချောင်းယားနှင့် ချောင်းဆိုးဝေဒနာများအတွက်

ပေါင်းစပ်ပါဝင်မှု
ဆေးပြားတစ်ပြားတွင် ပါဝင်မှု - Ambroxol hydrochloride ၁၅ မီလီဂရမ်

ပါဝင်ပစ္စည်းများ
စမုန်စပါးဆီ၊ လိမ္မော်မွှေးအဆီ IFF, မင်သော် (ပရုတ်အေး)၊ Tartaric acid, Saccharin Sodium, Sorbitol Powder, သန့်စင်သကြား၊ ဂလူးကို့စ်အရည်၊ Ponceau 4R Edicol, Sunset Yellow FC Edicol, Quinoline Yellow

ဆေးဝါးထုတ်လုပ်မှုပုံစံ
လည်ချောင်းနာ၊ လည်ချောင်းယား၊ ချောင်းဆိုးဝေဒနာများအတွက် ငုံဆေးပြား

ကုသမှု
ချွဲသလိပ်များ လွန်ကဲစွာ ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောချောင်းဆိုးခြင်းကို ကုသရန်အတွက် ချွဲသလိပ်ပျော်ငုံဆေးပြား။
ပြင်းထန်သည့် လည်ချောင်းနာကျင်မှု ရောဂါလက္ခဏာများကို နာကျင်မှု လျော့နည်းသက်သာစေခြင်း။

ဆေးညွှန်းနှင့် အသုံးပြုမှု
လူကြီး - တစ်နေ့ ၃ ကြိမ် တစ်ပြားပြီးမှတစ်ပြား ဆေးပြားနှစ်ပြားငုံပါ။
၅နှစ် မှ ၁၀ နှစ်ကလေးများ - တစ်နေ့ ၃ကြိမ် တစ်ပြားငုံပါ။

ဆိုးကျိုးဖြစ်စေသော တုံ့ပြန်မှုများ
Ambroxol hydrochloride နှင့် ဆက်စပ်သော ဆိုးကျိုးဖြစ်စေသည့်တုံ့ပြန်မှုများ၊ အာခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အစာမကြေခြင်း၊ ဖောရောင်မှု ခံစားရခြင်းနှင့် ဝမ်းလျှောခြင်း စသည့်အစာအိမ်ပြဿနာများကို ထုတ်ပြန်ထားပါသည်။
သိမ်းဆည်းမှု အခြေအနေ
30°C အောက် ခြောက်သွေ့သည့် နေရာတွင် သိမ်းဆည်းပါ။
ဆေးများကို ကလေးငယ်များ လက်လှမ်းမမှီသည့် နေရာတွင် ထားရှိပါ။ ဆေးထုပ်ပေါ်တွင် ဖော်ပြထားသည့် ကုန်ဆုံးရက်နောက်ပိုင်းတွင် ဆေးကို အသုံးမပြုပါနှင့်။
ထုပ်ပိုးမှု အရွယ်အစား
ပလပ်စတစ်အကြည်ဖြင့် ဆေးကတ် ၂ ကတ်ပါ ဘူး × ၁၂ ပြား
တင်သွင်းသူ/ဖြန့်ဖြူးသူ - DKSH (Myanmar) Ltd."