The Mix By Su Glossy But Zero Sticky Hair Oil 50ML x 1's (3 PCS)
The Mix By Su Glossy But Zero Sticky ခေါင်းလိမ်းဆီ ၅၀ဂရမ် (၃ ဗူး)
ကုန်ပစ္စည်းအကြောင်းအရာ
တစ်ကြိမ်လိမ်းရုံမျှဖြင့် ဆံသားကို သိသိသာသာ စိုပြေတောက်ပြောင်စေပါသည်။ ငြိရှုပ်ခြင်းများကိုပြေလျော့စေပြီး အပူဒဏ်ကိုလည်းအထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။ ပုံမှန်စွဲသုံးပေးမည်ဆိုပါက ဆံပင်ဖွာခြင်း၊ ခြောက်သွေ့ခြင်း၊ နှစ်ခွကွဲခြင်းများ မရှိသလောက် လျော့နည်းလာစေသော ဆံသားအားဖြည့်အဆီဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ
Isopropyl myristate၊ Cyclomethicone၊ Caprylic/ capric triglyceride၊ Argania Spinosa Kernel (Argan) Oil၊ Simmondsia Chinensis (Jojoba) Seed Oil၊ Prunus Amygdalus Dulcis (Sweet Almond) Oil၊ Tocopheryl Acetate၊ ရနံ့ဆီ။
အသုံးပြုပုံ
"ခေါင်းမလျှော်ခင် ဦးရေပြားနှင့် ဆံသားအနှံ့လိမ်းပြီး (၁၅) မိနစ်ခန့်နှပ်ထားပေးခြင်းအားဖြင့် ဦးရေပြားပိုမိုကျန်းမာပြီး၊ ဆံသားပိုမိုစိုပြေစေပါသည်။
ရေစိုနေသောဆံသားပေါ်တွင် အသုံးပြုပေးပါက ဆံပင်ငြိခြင်း၊ ခြောက်သွေ့ခြင်းများကိုသက်သာစေပြီး ပိုမိုတောက်ပြောင်စေပါသည်။ သဘာဝအတိုင်းအခြောက်ခံပါက ပိုမိုနူးညံ့ပြောင်လက်သောအသွင်ကို ရရှိစေမည်ဖြစ်ပါသည်။
အပူဒဏ်ကြောင့်ဖြစ်လာတဲ့ပျက်စီးမှုတွေကိုလျှော့ချရန် နှင့် ဆံပင်ကြမ်းရှခြင်းများသက်သာပြီး တောက်ပြောင်လာစေရန်အတွက် ခြောက်သွေ့သောဆံသားပေါ်တွင်လည်း အသုံးပြုနိုင်ပါသည်။ ( Argan Oil က အပူဒဏ်ကာကွယ်ပေးနိုင်စွမ်းမြင့်တဲ့ သဘာဝအဆီဖြစ်တာကြောင့်ပါ )
အကြံပြုလိုသော သုံးစွဲရန်ပမာဏ :
ဆံပင်အတို: 2-3 ညှစ်စာ
ဆံပင်အရှည် : 3-5 ညှစ်စာ
သတိပြုရန်
ခန္ဓာကိုယ်ပြင်ပတွင်သာအသုံးပြုရန်။ မီး နှင့် မြင့်မားသောအပူချိန် များအား ရှောင်ရှားရန်။ ကလေးများလက်လှမ်းမမှီသောနေရာတွင်ထားရန်။ နီမြန်းခြင်းများဖြစ်ပေါ်လာပါက အသုံးပြုခြင်းကိုရပ်တန့်ပါရန်။"